• Home
  • Exhibitions
  • Upcoming
  • ဗမာပြည်မှာ နေကြသည် - စက္ခုပသာဒ အလှပညာပြပွဲ

ဗမာပြည်မှာ နေကြသည် - စက္ခုပသာဒ အလှပညာပြပွဲ

ဗမာပြည်မှာ နေကြသည် - စက္ခုပသာဒ အလှပညာပြပွဲ
Date
: June 17 ~ 18, 2022 (Friday & Saturday)
Time
: 9:00 A.M ~ 5:00 P.M (Myanmar Standard Time)
Location
: OK Art Gallery (No.15-20, Second Floor, North of Aung San Stadium, Gyoe Phyu Road, Yangon, Myanmar)

“ဗမာပြည်မှာ နေကြသည် - စက္ခုပသာဒ အလှပညာပြပွဲ” သည် မြန်မာပြည်တစ်နံတစ်လျားရှိ အမျိုးမျိုးသောစက္ခုအလှပညာ (Visual Art)ကို တီထွင် ဖန်တီးလျက်ရှိသော လူငယ်အနုပညာရှင်များ စုစည်းပြသသော ပြပွဲကြီးဖြစ်ပါသည်။ 

ကျွန်ုပ်တို့ပြပွဲတွင် ပန်းချီပညာကိုအခြေခံသည့် လူငယ်အနုပညာရှင် အယောက် (၃၀)ဦးတို့၏ သူမတူသော တီထွင်ဆန်းသစ်မှုများကို တွေ့မြင်နိုင်ပါမည်။ 

မြန်မာ့ရေမြေပေါ်တွင် ဆိုးတူကောင်းဖက် အတူတကွ ရပ်တည်ရှင်သန်သွားကြရင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့လူမှုဘဝနှင့် လက်ဆင့်ကမ်း ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြစေရန်ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ပါသည်။ 

ဤပြပွဲကြီးကို ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများအား စနစ်တကျလုပ်ကိုင်သွားရန်ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားသည့် Myanmar Culture Society မှ ပထမဦးဆုံးခြေလှမ်းအနေဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်ပါသည်။ 

မိတ်ဘက် အဖွဲ့စည်းအနေနှင့် လူငယ် ဒီဂျစ်တယ် အနုပညာရှင်များစုပေါင်းဖွဲစည်းထားသည့် Cloud 9 Studio အပြင် ပြည်တွင်းရှိ ဆန်းသစ်တက်ကြွသော လူငယ်အနုပညာရှင်များနှင့် လက်တွဲထားပါသည်။ 

ကျွန်ုပ်တို့ စက္ခုပသာဒအလှပညာပြပွဲမှ သင်တို့အား တစ်ခုခုပေးလိုက်နိုင်မည်ဟု ယုံကြည်ပါသည်။ အနည်းဆုံးတော့ ပျော်ရွှင်မှုများကို သယ်ဆောင်သွားနိုင်ကြမယ်ဆိုရင် ကျွန်ုပ်တို့ ကျေနပ်ပါသည်။ 

ထူးခြားသော အစီစဉ်များလည်း စီစဉ်ထားတာကြောင့် “Myanmar Culture Society” page တွင် စဉ်ဆက်မပြတ်ဝင်ရောက်ကြည့်ရှုနိုင်ကြပါသည်။ 

Host - Myanmar Culture Society 
Page Link - https://www.facebook.com/myanmarculturesociety/

Partnership - Cloud 9 Studio
Page Link - https://www.facebook.com/cloud9artstudio/

Exhibition Image 1
Exhibition Image 2